Weekly Diamond Pass ဆိုတာကတော့ Moonton ကနေ 2023 မှာ Aurora Crystals Subscription အစား အသစ်ထုတ်ရောင်းတဲ့ Package တစ်ခုပါ
ဂိမ်းထဲကစျေး 1.99$ (2$)
Weekly Pass ဆိုတဲ့ အတိုင်း တစ်ခါဝယ်ရင် 7ရက် စာ အသက်ဝင်ပါတယ်..
ဘာရလဲ ဆိုတော့ တစ်ပတ်စာ ဝယ်လိုက်ပီးပီ ဆိုတာနဲ့
ဂိမ်းAccount ထဲကို 💎80 ချက်ချင်း ဝင်ပါတယ်
ညာဘက်နားက Claim ဆိုတဲ့နေရာကနေ ပုံနဲ့ပြထားတဲ့ Reward 3 ခုကို တစ်ရက် တစ်ခါ 7 ရက် ရပါတယ်...
(နေ့လည် ၂ခွဲ Refresh)
Starlight Points 30 ဆိုတာက Starlight Level တက်တဲ့ဟာပါ
(100 Points = Starlight Level 1ဆင့်တက်)
Choice Bundle ဆိုတဲ့ အထုပ်ထဲမှာက Coa 10 ခုရပါတယ်
ဒါဆိုရင် ပြန်ပေါင်းကြည့်ရင် အရင်ဆုံးရတာက
💎 80
နောက်ထပ်ရတာက
( 💎 20 + Coa 10 ) x 7ရက်
တစ်ပတ်စာဝယ်ရင် စုစုပေါင်း Diamond 220 + Coa 70 ရပါတယ်
💎80 က Account ထဲကို တစ်ပတ်စာ ထည့်တိုင်း တန်းရမှာပါ
နောက်က Dia 20 နဲ့ Coa ကတော့ တစ်ရက် တစ်ခါ စိတ်ရှည်ရှည်နဲ့ ဝင်ယူရပါမယ်
2023 Seprember 21 ကစလို့ တစ်ပတ်စာထည့်တာနဲ့
ပထမဆုံး ရတဲ့ Dia 80 နဲ့ အတူ "Late Sign-in Card" ဆိုတဲ့ Card လေး တစ်Card ပါ ရပါမယ်။
အဲ့ Card လေး 1 Card ကိုယ့်မှာ ရှိထားရင်
Weekly Pass ဝယ်ထားတဲ့ ရက်အတွင်း ဂိမ်းထဲ ဝင်မယူလိုက်ရတဲ့ 1 ရက်စာကို Auto Savings Box ထဲ သိမ်းပေးမှာပါ ဖြစ်ပါတယ်
1 Card = 1 ရက် ပဲ သိမ်းပေးမှာပါ
နောက်ရက်တွေပါ ဂိမ်းထဲ မဝင်ရင်တော့ အဆုံးပါ။
ဂိမ်းထဲကို ဝင်တယ် မယူမိလိုက်ဘူးဆိုရင်တော့ Savings Box ထဲမှာ သိမ်းပေးမှာ ဖြစ်ပီးတော့ နောက်ချိန် ဘယ်ချိန်မှ ယူယူရပါတယ်.
_________________________________
Account ထဲကို တစ်ခါထဲ အပတ်ရေဆို 10 ပတ်စာ
ရက်အနေနဲ့ဆို 76ရက် ထိ ထည့်ထားနိုင်ပါတယ်..
တစ်သက်လုံးမှ 10 ပတ်ပဲ ရတာ မဟုတ်ပါဘူး
လက်ကျန် 69 ရက် ရှိတာနဲ့ တစ်ပတ်စာ ထပ်ထည့်လို့ ရပါတယ်
*လက်ကျန်ရက်ကို 7 ရက်တွေ ပေါင်းလို့ 77 ရက် မပြည့်သေးရင် ထည့်လို့ ရပါသေးတယ်*
_________________________________
တစ်ပတ်စာ ထည့်လိုက်တာနဲ့ 100 Recharge Task ရပါတယ်.
ထည့်ထည့်ချင်း Task (Mission) ရတာပါ.
နေ့တိုင်း ရနေတာ မဟုတ်ပါ.
(Dia 250 Recharge Taskတွေ အတွက်ဆို 3 ပတ်စာဝယ်ရပါမယ်)
* 1ပတ် ကို 100 Recharge မလို့ 3ပတ်ဆို 300 Recharge ရပါမယ်
Dia တစ်ခါထဲ ရတာက
* ဝယ်ထားလက်စ ရက်ကျန်ရှိရင် 80 x 3ကြိမ် 240
* ဝယ်ထားလက်စ ရက်ကျန်မရှိရင် +20 ထပ်ရပါမယ်
(300 Recharge ရတာပါ၊ Dia 300 တန်းရောက်လာတာ မဟုတ်ပါ)
Moonton ရဲ့ Official Diamond စျေးက 1 ဒေါ်လာကို Dia 50 Recharge မလို့
Weekly Pass ရဲ့ တန်ဖိုးက 1 ပတ်ကို 2 ဒေါ်လာ မလို့ 100 Recharge ရပါတယ်✅
Diamond 220 ရတာနဲ့ပဲ Recharge 220 ရတာမျိူး မဟုတ်ပါဘူး..